ရွှေရင်အေးစေမယ့် မန်ကျည်းဖျော်ရည်လေးရဲ့ အကြောင်း
ဘယ်ရာသီမှာမဆို ချိူချိုချဉ်ချဉ် မန်ကျည်းဖျော်ရည်လေးက ရင်အေးစေပါတယ်။ မန်ကျည်းသီးမှည့်ကို ဟင်းတွေထဲလည်း ထည့်ချက်ကြသလို ဖျော်ရည်အနေနဲ့လည်း သောက်ကြပါတယ်။ နွေပူပူမှာ ရင်အေးစေတဲ့ မန်ကျည်းဖျော်ရည်လေး သောက်ရင်း ရရှိမယ့် ကျန်းမာရေး အကျိုးထူးလေးတွေ ရှိပါသေးတယ်။ သိချင်တယ်ဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
မန်ကျည်းဖျော်ရည် သောက်ပေးရင် ကျန်းမာမှာလား
မန်ကျည်းဖျော်ရည် သောက်ပေးရင် ကျန်းမာမှာလား? ဆိုတော့ ကျန်းမာမှာပါ။ ဒီလိုပြောရတာက အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင် စီတွေ ကြွယ်ဝတဲ့ မန်ကျည်းဖျော်ရည်က
အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
မန်ကျည်းဖျော်ရည်ကနေ အမျှင်ဓာတ် ပါဝင်တာကြောင့် ဝမ်းမှန်စေဖို့ရော အသည်း သန့်စင်စေဖို့ရော လုပ်ဆောင်ပေးသလို အူမကြီးကင်ဆာဖြစ်စေခြင်းကနေပါ ကာကွယ်ပေးနိုင်ပါတယ်။
သွေးအားကောင်းစေတယ်
မန်ကျည်းဖျော်ရည်က သံဓာတ်ပြည့်ဝစေဖို့ အားဖြည့်ပေးပြီး ကိုယ်တွင်းမှာ သွေးနီဥဆဲလ် တိုးစေတာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ချင်သူတွေ သောက်ပေးလို့ ရပါတယ်။
အာရုံကြော ကျန်းမာစေတယ်
မန်ကျည်းဖျော်ရည်သောက်တာက အာရုံကြောအတွက် ဗီတာမင် ဖြစ်တဲ့ သီရာမင်းကို ရရှိစေနိုင်တာကြောင့် အာရုံကြောလုပ်ငန်းစဉ်တွေ ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။
သွေးချိုထိန်းပေးတယ်
မန်ကျည်းသီးရဲ့ အာနိသင်က အင်ဆူလင် ဟော်မုန်းပမာဏကို တိုးစေနိုင်တာပါ။ ဒါကြောင့် သွေးချိုကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မန်ကျည်းဖျော်ရည်ကို အချိုလျှော့ဖို့တော့ လိုပါမယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဗီတာမင် စီ ကြွယ်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပြီး ဖျားနာမှု ကင်းစေဖို့ ကာကွယ်ပေးမှာပါ။
အရောင်ကျစေတယ်
ကိုယ်တွင်းကိုယ်ပ နာကျင်ရောင်ရမ်းတာ၊ အရေပြား ရောင်ရမ်းနီမြန်းတာတွေ သက်သာစေဖို့ မန်ကျည်းသီး စားပေးလို့ ရသလို ဖျော်ရည်သောက်ပေးလို့လည်း ရပါတယ်။
သွေးသန့်စေတယ်
မန်ကျည်းဖျော်ရည်ကနေ ရတဲ့ အမျှင်ဓာတ် နဲ့ ဗီတာမင် စီတွေက ဖရီးရက်ဒီကယ်တွေကို တိုက်ဖျက်ပေးရင်း သွေးသန့်စေဖို့ လုပ်ဆောင်ပေးပါတယ်။
နှလုံး ကျန်းမာစေတယ်
သွေးတွင်းအဆီတွေကို ကျဆင်းစေပြီး နှလုံးသွေးလည်ပတ်မှု ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။
အသားအရေ ကျန်းမာစေတယ်
ဗီတာမင် စီ ပါဝင်နေတာက အရေပြားကျန်းမာစေဖို့ အတော်လေး အားဖြည့်ပေးနိုင်တာပါ။
ပူပြင်းမှုတွေကို မန်ကျည်းဖျော်ရည်သောက်ရင်း အံတုပြီး အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရယူလိုက်ပါ။
မွန်မွန်